ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လူ့တိရစ္ဆာန်

လူ့အဖြစ်ကို ရပြီးမှ
တိရစ္ဆာန်အကျင့်ကို ကျင့်နေသူကို
လူ့တိရစ္ဆာန် လို့ခေါ်ပါတယ်...

တချို့လူတွေဟာ
အတ္တသိပ်ကြီးကြတယ်..
တစ်ကိုယ်ကောင်း သိပ်ဆန်တယ်
မြေခွေးလို ကောက်ကျစ်တယ်

ကိုယ့်တစ်ဦးတည်း ကောင်းစားရေးကို
ကြည့်ပြီး လုပ်တယ်။

သူတစ်ပါး ဘာဖြစ်ဖြစ် စိတ်မ၀င်စားဘူး
မိမိအဆင်ပြေဖို့ပဲ ကြည့်တယ်။

အဲလိုလူတွေဟာ
တိရိစ္ဆာန်အကျင့်ကို ကျင့်တဲ့သူပဲ
ဘယ်လောက် ရွံ့စရာကောင်းလဲ။

တိရစ္ဆာန်  ဖြစ်လို့
တိရစ္ဆာန်လို ခေါ်တာထက်
လူဖြစ်ပြီး လူ့အကျင့်ကို မကျင့်ဘဲ
တိရစ္ဆာန်အကျင့်ကို ကျင့်လို့
လူ့တိရစ္ဆာန် လို့ အခေါ်ခံရတာဟာ

တိရစ္ဆာန် ထက်တောင်
ပိုပြီးတော့ အောက်တန်းကျပါတယ်

လူဟာ လူလိုပဲ ကျင့်ရပါတယ်
တိရစ္ဆာန် လိုမကျင့်ရပါဘူး

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  Share

သာကီဝင်မင်းသား ခြောက်ယောက် ရဟန်းပြုကြပုံ

ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ပြီးသောအခါ နန္ဒမင်းသားစသော သာကီဝင်မင်းသားများစွာတို့ ဘုရားထံ ရဟန်းပြုကြလေသော် သားနှစ်ယောက် သုံးယောက်ရှိသော အိမ်တော်မှ တစ်ယောက်မျှ ထွက်၍ ရဟန်းမပြုလျှင် တာဝန်မကျေသကဲ့သို့ ဖြစ်နေရကား မဟာနာမ်နှင့် အနုရုဒ္ဓါ ညီနောင်နှစ်ပါးတိုင်ပင်ကြရာ အနုရုဒ္ဓါမင်းသားက ရဟန်းပြုမည်ဟု ၀န်ခံလေသည်။ ထိုအချိန်မှာ ရှင်ဘုရင်ဖြစ်နေသာ ဘဒ္ဒိယမင်းသည် အနုရုဒ္ဓါမင်းသာနှင့် ရင်းနှီးသော သူငယ်ချင်းပေတည်း။

ထို့ကြောင့် အနုရုဒ္ဓါသည် ဘဒ္ဒိယမင်းထံသွား၍ ရဟန်းပြုဖို့ရန် အဖော်ညှိလေရာ ဘဒ္ဒိယဘုရင်လည်း ရဟန်းပြုဖို့ ၀န်ခံပြန်၏  ဤနည်းအားဖြင့် အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ်နှင့် ဆတ္တာသည် ဥပါလိ ၇ ယောက်လုံး ဘုရားထံရောက်လာကြလေသည်။ ထိုအခါ "သာကီဝင်မင်းမျိုးသည် အလွန်မာနကြီးပါသည် ။ ထိုမာနကို နှိမ်ချိုး၍ ဥပါလိကို ရှိခိုးနိုင်ဖို့ရာ ဥပါလိကို ပထမ ရဟန်းပြုပေးပါ "  ဟု လျှောက်၍ နောက် မိမိတို့ ရဟန်း ပြုကြလေသည်။


ORDINATION OF SIX PRINCES OF THE SAKYA CLAN

After the attainment of Supreme Buddhaship by the Great being, Nanda and many other princes of the Sakya clan became monks under the discipline of the Blessed One. It therefore appeared to those households of the same clan, with two or three sons in each family , that they would be failing in their duty if none came forth to be ordained.The two brothers Mahanama and Anuruddha discussed this subject, and Anuruddha agreed to be ordained.

Bhaddiya who was then a ruling monarch, happened to be an intimate friend of Anuruddha. Anuruddha therefore went to king Bhaddiya and persuaded him to become a monk along with him, and Bhaddiya agreed. Accordingly, seven of then including Ananda, Bhagu, Kimila, Devadatta and Upali, the barber came to the Buddha. There they made their requesth that Upali be admitted first, in order that their Sakya pride might be humbled through having their former attendant as their senior. They were then ordained accordingly.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  Share

သမီးလေးဖတ်ဖို့

သမီး...

ကိုယ့်မှာ ချစ်သူရှိတဲ့အခါ
သူ့ကိုယူနိုင်အောင် ကြိုးစားပါ

ဒါမှမဟုတ်
ကိုယ်အားကိုးရမယ်ထင်လို့
လက်ထပ် ယူထားတဲ့ သူကို
ချစ်မြတ်နိုးအောင် ကြိုးစားပါ

ဒီနှစ်ခု စလုံးကိုမှ
မလုပ်နိုင်ဘူးဆိုရင်တော့
တစ်ယောက်တည်းနေတတ်အောင် ကြိုးစားပါ

ဘုရားသခင်ရဲ့ အလိုဆန္ဒကို ဆန့်ကျင်ပြီး
တစ်ယောက်တည်းနေမယ် ဆိုရင်တော့
ပျင်းစရာ ကောင်းနေမလားလို့

ဒါပေမယ့်
ဘ၀ပေး ကုသိုလ်အရ
တစ်ယောက်တည်း နေဖို့
ကံ  ပါလာရင်လည်း အားမငယ်နဲ့.

မိဘတွေအနားမှာပဲ တစ်သက်လုံး 
ပျော်ပျော်ရွှင်ရွှင် နေသွားနော်

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

  Share

ချွေးထုတ်ပြီး အဆိပ်အပုပ်ရှင်းထုတ်နည်း (၂)

အဆိပ်အပုပ်များကို ပေါင်းငွေ့ခံရေချိုးပြီး ချွေးထုတ်နည်းဖြင့်လည်း ချွေးထုတ်နိုင်ပါတယ်..

ရေစိမ်ကန် သို့မဟုတ် ရေပူစမ်းမှာ ရေနွေးချိုးခြင်းဖြင့်လည်းအဆိတ်အပုပ်များကို ကိုရှင်းထုတ်နိုင်ပါတယ်. . . ရေနွေးချိုးပြီးနောက် အရေပြားနှင့် ပတ်ဝန်းကျင်တို့၏ အပူရှိန်မြင့်မားမှုကြောင့် အလွယ်တကူ ချွေးထွက်လာပါတယ်. . . ကိုယ်တွင်းကမကောင်းသော အခိုးဓာတ်၊ လေနှင့် အခြားသော အရာများသည် ချွေးရည်များသည် ထွက်လာပါသည်။  အရေပြားများကို သန့်စင်ရာတွင် ဒီနည်းဟာ ထိရောက်ပြီး လုံခြုံ စိတ်ချရပါသည်။ သို့သော သွေးတိုးနှင့် နှလုံးရောဂါသမားများ သည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ဒီနည်းကို အသုံးပြုသင့်ပါသည်. . ဒီနည်းဖြင့် ချွေးထုတ်ရာတွင် ချွေးထွက်မှုမများအောင် ရှောင်ကြဉ်ရပါမည်. . .

အစားအသောက် စားသုံးခြင်းဖြင့် အဆိတ်အပုပ်များကိုလည်းရှင်းထုတ်နိုင်ပါသည်

အစားအသောက်ဖြင့် ချွေးထုတ်ခြင်းက ပိုမိုလွယ်ကူပါသည် ခန္ဓာကိုယ်ချည့်နဲ့သူများနှင့် ပိုမို ကိုက်ညီမှုရှိပါသည်။ပဲနီလေး (သို့) ပဲစိမ်းဖြင့် ဆန်ပြုတ်ပြုတ်သောက်ပြီး ချွေးထုတ်နိုင်ပါသည်. . . ဆန်ပြုတ်သောက်ခြင်းဖြင့် ချွေးမထွက်ပါက ဆန်ပြုတ်ပူပူတွင် အပူအစပ်ထည့်ပြီး သောက်သုံးနိုင်ပါသည်.  အစာအိမ်နှင့် လိပ်ခေါင်းရှိသူများသည် ငရုပ်သီးကိုရှောင်ကျဉ် ရပါမည်။ ကြံသကာနှင့် ချင်းပြုတ်ရည်ကိုလည်း သောက်နိုင်ပါသည်။

စောင်ခြုံပြီးလည်း ချွေးထုတ်နိုင်ပါသည်

 အင်္ကျီအ၀တ်အစားထူထူဝတ်ခြင်း၊ အပူချိန်မြင့်သော အခန်းတွင်း စောင်ခြုံပြီးနေခြင်းအားဖြင့်လည်း ချွေးတုထတ်နိုင်ပါသည်။ ဒီနည်းဖြင့် ချွေးထုတ်မည်ဆိုပါက ရေများများသောက်ဖို့လိုပါသည်။ ကျောက်ကပ်မထိအေအာင်အတွက် ဆီးရည်ထဲအညစ်အကြေး ပျော်ဝင်နှုန်းမြင့်မနေရန် ဆီးရွှင်၊ဆီးများအောင် ဂရုစိုက်ပေးရပါသည်။

ဆေးပညာနည်းနာဖြင့် အဆိပ်အပုပ်ရှင်းထုတ်ခြင်းသည် အချိန်တိုအတွင်း အထိရောက်ဆုံး စွမ်းဆောင်ချက်များဖြစ်ပါသည်။  ယခုဖော်ပြပါနည်းများဖြင့် ရံဖန်ရံခါ အဆိပ်အပုတ်များကိုရှင်းထုတ်သင့်ပါသည်. . ကာလကြာရှည်စါာ အားကိုးမှီခိုဖြင့် မဖြစ်စေဖို့အကြံပြုလိုပါသည်။

မင်းစံအိမ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  Share

ချွေးထုတ်ပြီး အဆိပ်အပုပ်ရှင်းထုတ်နည်း (၁)

သင့်ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းတယ် ၊ မျက်နှာမွဲခြောက်တယ် ။ စိတ်လေးလံနေတယ် ဆိုလျှင် ဒါတွေကို ပပျောက်စေဖို့ အထိရောက်ဆုံး နည်းကတော့ ပေါ့ပါး ပျော်ရွှင်စွာ ဆောင်ရွက်နိုင်တဲ့ အဆိပ်အပုပ် ရှင်းထုတ်နည်းပါပဲ. . . . နေ့တိုင်း အချိန်တိုင်းမှာ အဆိပ်အပုပ် ရှင်းထုတ်နည်း တစ်မျိုးမျိုးကို ရွေးချယ်လုပ်ဆောင် ပြီး အကျိုးသက်ရောက်မှု အာနိသင့်ကို လည်း လက်တွေ့ ခံစားကြည့်ပါ. . .

မိမိခန္ဓာကိုယ်ရှိ အဆိပ်အပုပ်များကို ချွေးထုတ်ခြင်းဖြင့် လည်း ရှင်းထုတ်နိုင်ပါသည်
အစာခြေလမ်းကြောင်း၊ ဆီးစွန့်လမ်းကြောင့် နှင့်ချွေးဂလင်းတို့ဟာ ခန္ဓာကိုယ်ရဲ့ အဆိတ်အပုပ် စွန့်ထုတ်ရာ လမ်းကြောင်းကြိး ၃ ခုဖြစ်ပါတယ်. . . အဆိပ်အပုပ်တွေ ရှင်းထုတ်အားမြင့်မားဖို့ ၊ ခန္ဓာကိုယ်ပြင်ပသို့ အချိန်မှီ စွန့်ပစ်နိုင်ဖို့ ဆိုလျှင် ဒီလမ်းကြောင်း ၃ ခု ပွင့်နေရပါမယ်. . . ဒါဟာရောဂါ ကာကွယ်ရေးနှင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် လိုအပ်ချက်လည်းဖြစ်ပါသည်။.

ချွေးထွက်တဲ့ နည်းနဲ့ အဆိပ်အပုပ်ကို စွန့်ထုတ်တာဟာ ခန္ဓာကိုယ်ပေါ်က မျက်နှာပြင် ဧရိယာ အကျယ်ဆုံးဖြစ်တဲ့ အရေပြားကို အသုံးပြုခြင်းပါပဲ. . . . တစ်ကိုယ်လုံးက အမွေးကျင်းတွေ အားလုံး ပွင့်ပြီး ချွေးတွေ ဖြိုင်ဖြိုင်ကျလာခြင်းဖြင့် ချွေးရည်နဲ့အတူ အဆိပ်အပုပ်များကိုလည်း ပါသွားနိုင်ပါသည်. .

ချွေးထွက်ခြင်းကြောင့် တစ်ကိုယ်လုံးက အကြောအခြင်နှသ့် အခိုးဓာတ်ကိုပွင့်စေပါသည် . ကိုယ်တွင်း အင်္ဂါက လီစာများကို ပိုအလုပ်လုပ်စေပါသည်. . စိတ်အားနှင့် ခွန်အားများကို ပွားစေသည်. ထို့အပြင် အသိမဲ့ အာရုံကြောရဲ့ စွမ်းရည်ကိုလည်း ထိန်းညှိပေးသည် သွေးကြောငယ်များကို ပိုကျယ်စေတဲ့ အတွက် သွေးလှည့်ပတ်မှု အားကောင်းစေတယ်လို့ တရုတ်တိုင်းရင်းဆေးပညာက ဖွင့်ဆိုထားပါသည်။

ကျန်းမာသူတစ်ဦးဟာ သင့်တင့်စွာ ချွေးထုတ်နိုင်လျှင် သွေးလှည့်ပတ်မှုကို ကောင်းစေခြင်း ၊ အာရုံကြောကို သန့်စေခြင်း ၊ခန္ဓာကိုယ်ရဲ့စွမ်းရည်အရပ်ရပ်ကို တိုးစေခြင်းများအတွက် များစွာ အကျိုးရနိုင်ပါသည်။

ချွေးထုတ်ပြီး အဆိပ်အပုပ် များကို နည်းမျိုးစုံဖြင့် ရှင်းထုတ်ရာတွင် ပထမနည်းမှာ -

(၁) ကိုယ်လက်လှုပ်ရှားပြီးချွေးထုတ်နည်း
 ကျန်းမာသူတစ်ဦးအတွက် ကိုယ်လက်လှုပ်ရှားပြီးချွေးထုပ်ခြင်း ဟာ အကျိုးအများဆုံးပါပဲ. . . ကိုယ်လက်လှုရှားအားကစားပြုတဲ့အခါ ခန္ဓာကိုယ်ကြွက်သားများမှ ကယ်လိုရီများ လျင်မြန်မြောက်များစွာထွက်လာနိုင်ပါသည် . . . အပူများ အမြန်ပျံ့လွှင့်စေရန်အတွက် ခန္ဓာကိုယ်မှာ ချွေးစို့ခြင်း (သို့) ချွေးဒီးဒီးကျခြင်းများ ဖြစ်လာပါတယ်. . . ထွက်လာသော ချွေးရည်နဲ့အတူ အဆိပ်အပုပ်တွေ ပါသွားလို့ လူကို ပေါ့ပါးသွက်လက်စေပါတသည်. . . အကိုက်အခဲပျောက်ပြီး ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်သည်။

မိမိရဲ့ ခံနိုင်ရည်ကို ချင့်ချိန်ပြီး သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားနည်းကိုရွေးချယ်ပြီး ချွေးထွက်သိပ်မများအောင် ဂရုစိုက်ပါ မျက်နှာတွင် ချွေးစီးကျပြီး ရင်နှင့်ကျောပိုင်းတွင် ချွေးစို့လာလျှင် နောက်ထပ် 10 မိနစ် ခန့်ကစားပြီး ရပ်နားပါ. ရက်သတ္တတစ်ပတ်လျှင် ၅-၆ ကြိမ်ပြုလုပ်ပါ . . ထို့နောက် အရေပြား ပိတ်ဆို့မှုမဖြစ်အောင် အချိန်မှီရေချိုးပါ။

ကိုယ်လက်လှုပ်ရှားပြီး ချွေးထုတ်ရာတွင် အောက်ပါအချက်များကို သတိထားပါ.

(၁) ကိုယ့်ရဲ့ခံနိုင်ရည်နဲ့ သင့်တော်မည့် အားကစားနည်းကိုသာရွေးပါ။ ပြေးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ရိုက်ခြင်း၊ တောင်တက်ငြခ်း၊ ဒစ္စကိုကခုန်ခြင်းနှင့်ခြေမှတ်ခြင်းများကို ရွေးချယ်နိုင်ပါသည်။

(၂) ကိုယ့်ရဲ့ခံနိုင်ရည်အရ လှုပ်ရှားမှုပမာဏကို ချင့်ချိန်ပါ. ခံနိုင်ရည်အားကို ကျော်ပြီးမလုပ်ပါနှင့်။

(၃) ချွေးတဒီးဒီးကျတဲ့ အဖြစ်မျိုးကိုရှောင်ပါ. မျက်နှာပါးပြင်တွင် ချွေးစီးကျတာနဲ့ ရပ်နားသင့်ပါတယ်.

(၄) ချွေးထွက်ပြီးနော်က အ၀တ်အစားများကို ချောင်အောင်လျှော့ခြင်း ၊ ချွတ်ပစ်ခြင်းများ လုပ်ပါ ၊ ချွေးခြောက်ပြီး အေးလာသလိုခံစားရတဲ့အခါ အအေးမမိအောင် အ၀တ်အစားထပ်ဝတ်ပါ. . ညင်သာတဲ့ ကိုယ်လက်ဖြေလျှော့လေ့ကျင့်ခန်းလုပ်ပြီးရပ်နားပါ။

ကျန်သည့် အဆိပ်အပုပ်ရှင်းထုတ်နည်းများကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။

မင်းစံအိမ်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

Share

သားဖေဖေ

ဖေဖေ
ကလေးများသည် ပုံသွင်းခံရမည့်
ပစ္စည်းများ မဟုတ်
ဖွံ့ဖြို့ရှင်သန်လာအောင်
ပြုစု ပျိုးထောင်ပေးရမည့်
လူသားများသာ ဖြစ်သည်. . . တဲ့
Jess Lair ဆိုတဲ့
ပညာရှင်တစ်ဦးက
မိန့်မှာဖူးပါတယ်

ကျွန်တော့ကို ဖေဖေက
ပုံသွင်းခဲ့တာလား
ပြုစုပျိုးထောင်ခဲ့တာလား
ကျွန်တော့စိတ်ထဲမှာ
မသဲကွဲဘူး ဖေဖေ....


သား

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
Share

စာဖတ်ပါ

လူသည် အာဟာရပြည့်ဝဖို့
အစားအသောက်ကို နေ့စဉ်စားရ၏
အသိဥာဏ် ပြည့်ဝဖို့
နေ့စဉ် စာဖတ်ရ၏


အားလုံးဟာ ပြည့်စုံတဲ့ အရာတစ်ခု
မဟုတ်ရင်တောင်မှ
အောင်မြင်ကြီးပွားလိုတဲ့ သူအတွက်တော့
အထောက်အကူပြုမှာ မလွဲပါဘူး.

တကယ်စာဖတ်တဲ့သူဟာ
အသိဥာဏ်ပြည့်ဝသွားမယ်
စိတ်ဓာတ်ခွန်အား ရင့်ကျက်လာမယ်

အချိန်က တန်ဖိုးရှိလို့
လောကဓံကို ရင်ဆိုင်နိုင်မယ့်
စာတွေကိုပဲ ရွေးဖတ်သင့်ပါတယ်

ခွန်အားရှိဖို့ အစားစားရမယ်ဆိုရင်
အသိဥာဏ်ရှိဖို့ စာဖတ်ပါ

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

Share

သြ၀ါဒရတနာများ

ဟိုတစ်နေ့က သေ၍ လူ့ပြည်သို့ ခေတ္တရောက်၊ စိတ်မမောက်ကြနှင့် ၊ စိတ်နေမောက်က အရင်းပျောက်မည်

( ဒီပဲရင်း ဆရာတော်ကြီး)

ပန်းကန်ကွဲပြီးမှ ပန်းကန်ကွဲကြောင့် စိတ်မညစ်ပါနဲ့ ဖြစ်ပျက်ပြီးသား စိတ်မချမ်းသာစရာ ကိစ္စများကို တွေး၍ စိတ်ညစ်မခံပါနှင့်
(ရွှေဟင်္သာတိုက်သစ် ဆရာတော်ကြီး)

အကြင်အဆွေခင်ပွန်းနှင့် ပေါင်းဖက်ခြင်းဖြင့် စိတ်ဆင်းရဲလျှင်၊ ထိုသို့ ဆင်းရဲရကြောင်း ဆင်ခြင် သတိရ၍၊ အဆွေခင်ပွန်းကို မီးပုံကြီးကဲ့သို့ သတိပြုကာနေလေတော့
(စဥ့်ပါဆရာတော်ဘုရားကြီး)

ကိုယ်လုပ်တဲ့အလုပ်က ၊ ကိုယ့်ရဲ့အကောင်းဆုံးစိတ်နဲ့၊ အကောင်းဆုံးအရည်အချင်းကို ဖော်ပြနေတာဖြစ်ရမယ်.
(ဆရာတော်ဦးဇောတိက)

အာရုံအေးမှ စိတ်အေးသည်
အာရုံပူတော့ စိတ်ပူသည်
စိတ်အေးချမ်းသာမှုရစေရန် မေတ္တာဗြဟ္မစိုရ်ကမ္မဋ္ဌာန်း စီးဖြန်းကြပါလေ
(ဘဒ္ဒန္တသုဒ္ဓါဘိဝံသ) -မန္တလေး ၊စတုတ္ထမြောက် မစိုးရိမ်ဆရာတော်ကြီး

သုတေသီ ဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

Share

လူငယ်နှင့်အလှအပ

လူငယ်တွေဟာ
အလှအပကို မက်မောတာ မဆန်းပါဘူး.

လူကြီးလူငယ်မရွေးလှပချင်ကြတာပါပဲ
မိမိကိုယ်ကို လှပအောင် ပြင်ဆင်ကြတယ် .

ဒါပေမယ့် လူငယ်တွေကတော့
တိုးတက်တဲ့ အမြင်တွေနဲ့
လှပချင်ကြတာ ဖြစ်တယ်.

ဘယ်လူငယ်ကမှ
အမေတို့ခေတ အဖေတို့ခေတ်ပုံစံကို
မပြင်ဆင်လိုပါဘူး.

တကယ်တမ်းမိမိကိုယ်ကို လှပအောင် ပြင်တာထက်
မိမိကိုယ်ကို ခေတ်မီတဲ့ ပုံစံလေးဖြစ်အောင်
ပြင်ဆင်ကြတာပါပဲ..

ဥပမာ

ဆံပင်ဆိုပါတော့
ဆံပင်ဖြောင့်မယ်... ဆံပင်ကောက်မယ်.
ဆံပင်ရှည်မယ် . . ဆံပင်တိုမယ်...
ရွှေဝါရောင်ဆိုးမယ် အနီရောင်ဆိုးမယ်

ဒီအတိုင်းပါပဲ
အ၀တ်အစားကိုလည်း အတိုအရှည်
အကွဲအစုတ် ဆုတ်ကာ ဖြဲထားတဲ့ ပုံစံအထိ
အမျိုးမျိုး ဆန်းသစ်တာတွေကို သဘောကျတယ်
ဒါဟာ လူငယ်တို့ရဲ့ သဘာဝပါပဲ

စိတ်ပညာရှင်များက ဒါဟာ လူငယ်တွေရဲ့
ဆန့်ကျင်တဲ့ အတွေးတွေကို
ဖော်ထုထ်တာပဲ လို့ဆိုကြတယ်
အချို့ကတော့ မိမိကိုယ်ကို
အမျိုးမျိုး ချယ်သခြင်းဟာ
ဆန်းသစ် တီထွင်ခြင်းမြစ်ဖျားခံရာလို့ဆိုတယ်.

ဆိုခဲ့ပြီးတဲ့အတိုင်း လူငယ်တွေဟာ
အတွေးသစ် အမြင်သစ်နဲ့
တီထွင်ဖန်တီးခြင်း( CREATIVE) ကို
အန်မတန် သဘောကျကြတယ်

အလှအပဆိုတာ ကောင်းပါတယ်
အရုပ်ဆိုးတာ သဘာဝဆိုပေမဲ့
အကျည်းတန်တာကိုတော့ သဘောမတွေ့ကြပါဘူး. .

ဒါကြောင့် လူငယ်တွေ လှပအောင် ပြင်ဆင်တာကို
လက်ခံနိုင်ကြပါတယ်

သို့သော် လှတာမက်ရင် ညစာခက်မယ်
ဆိုတဲ့ စကားအရ အလှအပနောက်သို့လိုက်ပြီး
ငွေကြေးတွေကို မှားယွင်းစွာ မသုံးမိဖို့ အရေးကြီးပါတယ်..

မိတ်ကပ်လည်းပြင်ပါ
သနပ်ခါးကိုလည်းချစ်ပါ
စကပ်ကွဲကိုလည်း ၀တ်ချင်ဝတ်ပါ
မီနီစကပ်ကိုလည်း ၀တ်ချင်ဝတ်ပါ.

သို့သော် ထဘီကလည်း သူ့နေရာနဲ့သူလှပပါတယ်...
လူငယ်တွေ
အလှအပနဲ့ ပတ်သတ်တဲ့ ဆောင်းပါးများကို
ဖတ်ကာ အတွေးပွားကြည့်ပါ

ဒေါက်တာခင်မောင်ညို

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

Share


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။